Friday, July 20, 2012

My Life

My Life


 သူတို့အယားပြေဖို့အတွက် ငါ့ကိုလာကုတ်ခြစ်ကြတာလား

ငါ့မှာသာ ခိုးခိုးခစ်ခစ်တွေ တစ်ခုပြီး တစ်ခု ဖြစ်နေရ …


ဒီနေ့အထိရောက်နေပြီးတာတောင်မှ
 
မနက်ဖြန်ကို လှမ်းကြည့်လို့မရနိုင်တဲ့ ဘဝမှာ

ငါ .. ဘာလုပ်ပေးရမလဲ


ဓနိမိုး ထရံကာ အလွမ်းကလေးနဲ့
 
လမ်းဘေးမှာ လဲရင်ကောင်းမလား …


အစတည်းက
 
မြန်မာပြည်ရဲ့ အောက်ဆုံးထပ်မှာ နေခဲ့တဲ့ ကောင်ပဲ

သေချာတာက

ဧရာဝတီ တစ်စက်နှစ်စက်လောက်နဲ့တော့

သူတို့ ငါ့ကို ပက်ခွင့်ရမှာ မဟုတ်ဘူး။


မူးတယ်
 
တံဆိပ်ဆွဲအခွာခံလိုက်ရတဲ့ ပုလင်းလိုပဲ


ငါ့ဘဝဟာ ဝတ်လစ်စလစ်နဲ့ စားပွဲပေါ်မှာ ငြိမ်လို့ …။ ။

~~~~~~~~~~~~

ဒီကဗျာလေးကို ကျွန်တော့် ဆိုရှယ်ဆိုက်တစ်ခုထဲ ကသူငယ်ချင်းကောင်မလေးတစ်ယောက်တင်ထားကို

ကျွန်တော်က  သူ့ကကိုစတဲ့အနေနဲ့ အောက်ကဗျာလေးကို ရေးမိပါတယ်........ 


 ငါ့ကိုယ်ငါ အယားပြေဖို့ ငါကိုယ်တိုင် ကုပ်နေရတာများ

ဗြိုးဗြိုး ဗျစ်ဗျစ် အရေခွံ ကွာလုမတတ် ခဏခဏပြီး ခဏ....

မနေ့ကမှရောက်တာတောင်

ဒီနေ့ပြန်စရာလမ်းစရိတ်ပြတ်နေတဲ့ ငါ့ဘဝ

ဘာလုပ်ပေးကြမလဲ....

ပါဂျဲရိုး လန်ခရူဇာ အလန်းလေးနဲ့

လမ်းဘေးထိုးချလိုက်ရ..... ကောင်းမလား


ကချင်နယ်ထဲက

မြန်မာပြည်အပေါ်ဆုံး ထပ်ရေခဲတောင်ပေါ် မှာနေတဲ့ကောင်ကို

မသေချာတာက

မြန်မာဝီစကီ တစ်ပက်နှစ်ပက်လောက်နဲ့တော့

ငါတို့သူ့ကို မူးအောင် လုပ်နိုင်မှာမဟုတ်ဘူး။


ရူးပြီ

ထီလက်မှတ်ဆွဲ အဖြဲ ခံလိုက်ရတဲ့ သူတောင်းစားလို ပဲ

သူ့ဘ၀ဟာ ပြူတစ်ပြူတစ် နဲ့ ရထားပေါ်မှာ ပုသိမ်သို့.....

လွမ်းခွင့်

လွမ်းခွင့်

နင်က-သီချင်းတစ်ပုဒ်ဆိုပါစို.

ငါက-သံစဉ်မရှိသူပါ။

နင်က-ပန်းတစ်ပွင့်စိုပါဆို့။

ငါက-နမ်းခွင့်မရှိသူပါ။

နင်က-လမင်းတစ်စင်းဆိုပါစို့။

ငါက-ညခင်းမရှိသူပါ

နင်က-ဘုရင်မဆိုပါစို့။

ငါက-မော်ဖူးခွင့်မရှိသူ့ပါ။

တကယ်ဆိုကငါက........

သီချင်းတစ်ပုဒ်ပန်းတစ်ဆုပ်နဲ့

လမင်းရဲ့ညခင်းမှာ

ဘုရင်မအနား ခစားချင်သူပါ။

ဒါပေမဲ့နင်က..............

သံစဉ်ရှိပြီးသားသီချင်း

နမ်းခွင့်ရှိပြီးသားပန်း

ညခင်းရှိပြီးသားလမင်း

မော်ဖူးခွင့်ရှိပြီးသား ဘုရင်မ

အကျွမ်းတ၀င်နဲ့ လှမ်းခွင့်မရှိမှတော့

ငါ့ကို    လွမ်းခွင့်  လေးတော့ပေးသနားပါ။