Friday, July 20, 2012

လွမ်းခွင့်

လွမ်းခွင့်

နင်က-သီချင်းတစ်ပုဒ်ဆိုပါစို.

ငါက-သံစဉ်မရှိသူပါ။

နင်က-ပန်းတစ်ပွင့်စိုပါဆို့။

ငါက-နမ်းခွင့်မရှိသူပါ။

နင်က-လမင်းတစ်စင်းဆိုပါစို့။

ငါက-ညခင်းမရှိသူပါ

နင်က-ဘုရင်မဆိုပါစို့။

ငါက-မော်ဖူးခွင့်မရှိသူ့ပါ။

တကယ်ဆိုကငါက........

သီချင်းတစ်ပုဒ်ပန်းတစ်ဆုပ်နဲ့

လမင်းရဲ့ညခင်းမှာ

ဘုရင်မအနား ခစားချင်သူပါ။

ဒါပေမဲ့နင်က..............

သံစဉ်ရှိပြီးသားသီချင်း

နမ်းခွင့်ရှိပြီးသားပန်း

ညခင်းရှိပြီးသားလမင်း

မော်ဖူးခွင့်ရှိပြီးသား ဘုရင်မ

အကျွမ်းတ၀င်နဲ့ လှမ်းခွင့်မရှိမှတော့

ငါ့ကို    လွမ်းခွင့်  လေးတော့ပေးသနားပါ။

No comments:

Post a Comment